Wednesday, April 30, 2008

အချစ်ဆိုတာ

အချစ်တဲ့…အချစ်ဆိုတာ ဘာလဲ?
ပြောကြတာတော့ ကြားဖူးတယ်“အ” လို့ချစ်တာ တဲ့..
ဒီလိုဆိုရင်ငါက “အ” နေတာပါလား….
ဒါဆိုသူရော..သူသူဘယ်လိုရှိပါလိမ့်..စဉ်းစား စဉ်းစား
ဟာ…သူက မ “အ” ဘူးဟ
ကိုယ် “အ” တော့ ကိုယ်ခံပေါ့…..
ကျွန်တော့် စိတ်ကူးအိမ်မက်များ
ဒီစာလေးကို တွေ့ထားတာတော့ ကြာပြီဗျ. .. ခုမှ စိတ်ကူးလေးရလာလို့ သူငယ်ချင်းတွေအားလုံးအတွက် တင်ပေးလိုက်တယ်နော်…..
ကျွန်တော့် စိတ်ကူးအိမ်မက်များ
ကျွန်တော် မိန်းမယူချင်နေတာ ကြာပြီဗျ။ စိတ်ကြိုက်ဖြစ်မယ့် မိန်းမတစ်ယောက်ကိုတော့ ယူမယ်လို့ ဆုံးဖြတ်ထားတယ်။ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေကတော့ သာမန်ပါပဲ။ ဖတ်ကြည့်ပါဦး…
(၁) ကျွန်တော်ယူမယ့် မိန်းမက လူတကာကိုဆွဲဆောင်နိုင်တဲ့ အလှဘုရင်မ ဖြစ်စရာမလိုပါဘူး။ ကိုယ်လုံးသေးသေးသွယ်သွယ်နဲ့ ချစ်စရာကောင်းရင်တော်ပါပြီ။ ကျွန်တော် ရယ်စရာပြောရင်လိုက်ရယ်တတ်ရမယ်။
(၂) ကျွန်တော်ယူမယ့် မိန်းမရဲ့အိမ် ဘယ်လိုပုံစံရှိတယ်ဆိုတာကိုလည်း စိတ်မ၀င်စားပါဘူး။ အိမ်ကျယ်ရင် ပြီးရော။
(၃) မင်္ဂလာဆောင်မယ်ဆိုရင် ကုန်ကျစရိတ်ကို တစ်ဝက်စီကျခံမယ်။ ကျွန်တော်ယူမယ့် မိန်းမကတစ်ဝက် သူ့မိဘတွေက တစ်ဝက်။
(၄) အသွင်မတူရင် အိမ်တူမဖြစ်ဘူးဆိုတာကို ကျွန်တော်နားလည်တယ်။ ဒါကြောင့် လက်ထပ်ပြီးတဲ့ အခါ စိတ်တူကိုယ်တူဖြစ်အောင်လုပ်မယ်။ ဆိုကြပါစို့ … မြို့လည်ရုပ်ရှင်ရုံမှာ မင်းသားလွင်မိုးပါတဲ့ ကားသစ်တင်လို့ “သွားကြည့်ရအောင်” လို့ သူမကပြောမယ်။ လွင်မိုးကို ကျွန်တော်မကြိုက်ဘူ။ မလိုက်ချင်ဘူးလို့ ကျွန်တော်ကငြင်းတယ်။ အဲဒီလို အခြေအနေမျိုးဖြစ်လာရင် နှစ်ယောက်စလုံးမသွားတော့ဘူး။ ရုပ်မြင်သံကြားကလာတဲ့ ကိုးရီးယားကားကိုပဲ ကြည့်မယ်။
(၅) သူရဲ့ ကျန်းမာရေးကိုလည်း ကျွန်တော်ဂရုစိုက်မယ်။ ချိုလွန်းတဲ့ အစားအစာတွေ ဥပမာ … ဈေးကြီးပေးရတဲ့ ချောကလက်ကို သူလက်ဖျားနဲ့ တောင် မထိစေရဘူး။ ကျွန်တော်ပဲ စားမယ်။
(၆) ကျွန်တော်ယူမယ့် မိန်းမဟာ ခေတ်နဲ့ တစ်ပြေးညီ စတိုင်ကျကျဝတ်နိုင်အောင် ကျွန်တော်ဆင်ပေးမယ်။ ဒါပေမယ့် ဈေးကြီးတဲ့ အ၀တ်အစားတွေ မဖြစ်စေရဘူး။
(၇) ထမင်းဟင်းကို သူ့မ ဘယ်လိုပဲချက်ချက် ကျွန်တော့်အတွက် အရေးမကြီးဘူး။ အရသာရှိရင်တော်ပါပြီ။
(၈) မြန်မာဟင်းလျာကြီးပဲ ချက်စရာမလိုပါဘူး။ ဒီနေ့ မြန်မာစာ၊ နောက်နေ့ ကုလားစာ၊ အဘက်ခါကျတော့ တရုတ်စာ စသည်ဖြင့် ပြောင်းလဲပြီးတော့ ချက်ရင်လည်းလက်ခံတယ်။ ဒီကိစ္စမှာ သူမကိုလုံးဝ လွတ်လပ်ခွင့် ပေးထားတယ်။
(၉) အ၀တ်လျှော်ရမယ်။ မီးပူတိုက်ရမယ်လို့ သူမကို ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဝတ်တဲ့ အ၀တ်အစားတွေတော့ အမြဲတမ်းသန့်ရှင်းနေရမယ်နော်။
(၁၀) အိမ်ခန်းကိုသန့်ရှင်းဖို့ သူမကို ကျွန်တော်တောင်းဆိုမှာ မဟုတ်ပါဘူး။ အိမ်ရှင်မကောင်းတစ်ယောက်ဆိုရင် သူမရဲ့ အသိစိတ်ဓါတ်နဲ့ သူမ လုပ်ပါလိမ့်မယ်။
(၁၁) လှဲကျင်းလျှော်ဖွတ်ရလို့ သူမပင်ပန်းနေပြီဆိုပါစို့..။ အဲဒါဆိုရင်သူမကို ကျွန်တော် အနားယူခိုင်းမယ်။ အမောပြေပြီဆိုတော့မှ ကျန်တဲ့ပန်းကန်ခွက်ယောက်တွေကို ဆေးခိုင်းမယ်လေ။
(၁၂) ဈေးကိုတော့ အမြဲအဖော်လိုက်ပေးမယ်။ အတူတူသွားမယ်။ အသွားမှာ ဈေးခြင်းတောင်းကို ကျွန်တော်ပဲကိုင်ပေးမယ်။ အပြန်ကျမှ သူမကို အလှည့်ပေးမယ်။
(၁၃) ကျွန်တော့်သဘောထားနဲ့ တိုက်ဆိုင်တာမှန်သမျှ သူမပြောတာကို ကျွန်တော်လက်ခံနားထောင်မယ်။
(၁၄) သူမရဲ့ အသက်ကို ကျွန်တော်တန်ဖိုးထားမယ်။ ဒါကြောင့် သူ့လက်ထဲကို ပိုက်ဆံတစ်ပြားမှ ထည့်ပေးမှာမဟုတ်ဘူး။ လူဆိုး၊ သူခိုးတွေက ပေါတယ်မဟုတ်လား။ ငွေရှိရင် အန္တရယ်က အများသားကိုး။
(၁၅) ကျွန်တော်ပြောသမျှအမိန့်ကို နာခံရမယ်လို့ ဘယ်တော့မှကျွန်တော်မပြောပါဘူး။ ကျွန်တော့ဆန္ဒတွေကို ဖြည့်ဆည်းပေးရင်တော်ပါပြီ။ မဖြည့်နိုင်ဘူးဆိုရင်လား ….
(၁၆) ဒါဆို နောက်တစ်ယောက်ရှာပစေပေါ့၊ မဟုတ်ဘူးလား။

အချစ်ဇယား

ဒီတစ်ယောက်က အချစ်ဦးမို့တစ်သက်မမေ့နိုင်ဖြစ်ရသ်ည။
ဒုတိယတစ်ယောက်က ချစ်စရာလေးမို့ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။
ဟောဒီတစ်ယောက်က အပျံစားလေးမို့လူတွေအားကျအောင် တွဲလိုက်မည်။
ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။
အဲဒီတစ်ယောက်က တိုင်းရင်းသူလေးမို့အသံဝဲလေးကို ချစ်မိသည်။
စေ့စပ်ထားတဲ့ ကောင်မလေးကအိနြေ္ဒရင်လေးမို့ လက်မလွှတ်ချင်အောင် ဖြစ်ရသည်။
အထက်ပါ ခြောက်ယောက် ရက်တွေပြည့်နေလို့တနင်္ဂနွေ ပိုသေးသည်။
စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါတနင်္ဂနွေအားသူ ဖြစ်ရမည်။

Wednesday, April 23, 2008

MAIN MA !!!

ယောက်ျားလေးများကို အန်စေသောမိန်းမ
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်အသလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျှောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ဗျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ

Tuesday, April 22, 2008

I'M ANNOYING !

Wednesday, April 9, 2008

HOME & WATER-FALL

DO U WANT TO LIVE AT THERE ?

PRIVATE WORLD

Monday, April 7, 2008

MY DEATH :::::::::::::::::::::::::::::::::::::::::::::::::::::::::::::: ;

"SPACE_WAR"

FUNNY FLOWER

I DON'T CARE

EAT ME !!!

where's my head ?

WAR OF THE FLY

i wanna to use this

Sunday, April 6, 2008

FUNNY ORANGE ;)

BROKEN HEART CLUB !!!

Friday, April 4, 2008

APRIL FOOL

MY FAVORITE TWO VOCALISTS

FLAG OF OUR COUNTRY, I VALUE IT


WHO AM I